အကျည်းတန် သမိုင်း၊ စုန်းလိုက်ဖမ်းခြင်း
2,256,035 plays|
Brian A. Pavlac |
TED-Ed
• June 2019
၁၅၉၃ ခုနှစ်မှာ ဂျာမန် မြို့ Nördlingen မှာ တည်းခိုခန်းပိုင်ရှင် Maria Höll ဟာ စုန်းအတတ်လို့ စွပ်စွဲခံခဲ့ရတဲ့အဖြစ် ရောက်သွားတယ်။ သူဟာ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခံရပြီး စွဲချက်တွေကို ငြင်းဆိုခဲ့တယ်။ သူ့ကို သူက စုန်းမတစ်ယောက်မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပြီး နောက်ဆုံး စွပ်စွဲသူတွေက လွှတ်မပေးခင်၊ ၆၂ ကြိမ်တိုင်တိုင် နှိပ်စက်ခံခဲ့ရတယ်။ တခြား စွပ်စွဲခံရတဲ့ စုန်းမတွေက ဒီလောက် ကံမကောင်းခဲ့ဘူး။ ဘာကြောင့် ဒီစုန်းလိုက်ဖမ်းတာတွေ ဖြစ်တာလဲ။ Brian A. Pavlac ကနေပြီး လူ့သမိုင်းထဲက ဒီကြောက်မက်ဖွယ် အခန်းကို စူစမ်းထားတာပါ။
[ Lisa LaBracio က ရိုက်ကူးပြီး Adrian Dannatt က ဇာတ်ကြောင်းပြောကာ Stephen LaRosa က တေးဂီတကို ဖန်တီးထားပါတယ်။]